ကျောက်ကြီး၊ စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးစပါးနှင့် မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအတွက် ဓာတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် မျိုးစေ့ထုတ် စိုက်ဧက(၃၅၀)၊ စံပြ စိုက်ဧက(၂၆)ဧက၊ မိုးနေကြာ(၅) ဧက၊ စုစုပေါင်း စိုက်ဧက(၃၈၁) ဧကရှိပြီး ပထမအကြိမ်အနေဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ဧကနှင့် စံပြစိုက်ဧက (၁၃၆)ဧက၊ မိုးနေကြာ(၅)ဧက စုစုပေါင်းစိုက်ဧက(၁၄၁)ဧကအား တစ်ဧကလျှင် ဓာတ်မြေသြဇာ (၁)အိတ်နှုန်းဖြင့် တိုင်းဒေသကြီးအစိုးရမှ စျေးနှုန်းချိုသာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ကျန် စိုက်ဧကများအား ဒုတိယအကြိမ် ထပ်မံရောက်ရှိလာပါက တောင်သူများလက်ဝယ် အရောက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။
အခမ်းအနားသို့ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ကိုသားကြီး(ကျောက်ကြီး)