ကျုံပျော် စက်တင်ဘာ ၇

 

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ  ၇ ရက် နံနက် ၈ နာရီက ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် (၁၃)မျိုးကို (၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြည့်ရှု၍ ဈေးရောင်းဝယ်နေမှုများကို အားပေးကူညီခဲ့ပြီး အိမ်ထောင်စုပေါင်း (၁၀၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ရောင်းချရာတွင် အိမ်ထောင်စု တစ်စုအတွက် ဆင်းသုခ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်ဖြင့် (၂)ပြည်နှုန်း၊ ဆီ (၂၀)သားလျှင် (၁၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် (၅)လုံး၊ ဆားတစ်ထုပ်လျှင် (၂၅၀)ကျပ်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီး၊ ငရုပ်သီး စသည့် ဟင်းသီးဟင်းရွက်များ စုစုပေါင်း(၁၃)မျိုးကို (၅၀၀၀)ကျပ်နှုန်းဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချခြင်းကို မြို့နယ်အတွင်းရှိ အောင်ဆန်း၊ တေဇ၊ ပင်လုံ၊ မြဝတီ စသည့် ရပ်ကွက်အသီးသီးတို့တွင် ဆောင်ရွက်ပေးခဲ့ပြီး ယခုကဲ့သို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ရောင်ချပေးခြင်းကြောင့် ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

 

လပြည့်ဦး(ပြန်/ဆက်)