စက်တင်ဘာ ၇
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၈၅၅၄၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၃၇၉၁၉၆၁ ဦး ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၉၈၃၇ ဦးရှိရာမှ ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှု ကျဆင်းလာခြင်းဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ဆိုသည်။
လွန်ခဲ့သောသီတင်းအတွင်း ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၇၇၉၈၄ ဦး ရှိကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၄၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ပြည်ပကူးစက်မှုပေါင်း ၆၀၈၄၄ ဦး ရှိလာသည်ဟု သိရသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၅၆ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၇၂၄၉ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို