စက်တင်ဘာ ၇

 

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိလာသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( စီဒီစီ ) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း ၂၀၇၃၃ ဦး ရှိလာကြောင်း စီဒီစီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံအတွင်းရှိ ကယ်လီဖိုးနီးယားတွင် မျောက်ကျောက်ကူးစက်ခံရသူ ၃၈၃၃ ဦးရှိပြီး ကူးစက်မှုအများဆုံးဖြစ်သည်။ နယူးယောက်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၃၅၂၆ ဦးနှင့် ဖလော်ရီဒါတွင် ၂၁၂၆ ဦးတို့ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံသည် ယနေ့အထိ မျောက်ကျောက်ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားသော နိုင်ငံဖြစ်သည်။

 

ဘိုင်ဒင်အစိုးရသည် မျောက်ကျောက်ရောဂါကာကွယ်ဆေးများအလုံအလောက်မှာယူရန်ပျက်ကွက်ခြင်း၊ ကုသမှုအရှိန်မြှင့် လုပ်ဆောင်ခြင်းနှင့် မျောက်ကျောက်ရောဂါကူးစက်မှုတုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဝေဖန်မှုများဖြင့် ရင်ဆိုင်နေရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို