ကမ်ပါလာ စက်တင်ဘာ ၈

 

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်း ကာစီစီခရိုင်၌ ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် သေဆုံးသူ ၁၅ ဦး အထိ ရှိလာကြောင်း ဒေသဆိုင်ရာကယ်ဆယ်ရေး အေဂျင်စီက စက်တင်ဘာ ၇ ရက်တွင် သတင်း ထုတ်ပြန်သည်။

 

ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်

 

အဆိုပါသေဆုံးခဲ့သည့် ရုပ်အလောင်းများကို ရူကိုကီခရိုင်ခွဲ ကာဆီကာကျေးရွာ၌ ဖြစ်ပေါ်သည့် မြေပြိုမှုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယူဂန္ဓာနိုင်ငံ ကြက်ခြေနီအဖွဲ့က သတင်းထောက်များအား ပြောကြားသည်။

 

ယင်းမြေပြိုမှုသည် စက်တင်ဘာ ၆ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် မြေပြိုမှုကြောင့် လူနေအိမ်တချို့ နစ်မြုပ်သွားမည်ကို စိုးရိမ်လျက ်ရှိကြောင်း ယူဂန္ဓာနိုင်ငံ ကြက်ခြေနီအဖွဲ့က ပြောကြားသည်။

 

ထို့ပြင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သူ ခြောက်ဦးကိုလည်း စိန့်ပေါလ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုများဖြစ်ပေါ်ကာ လူများသေဆုံး ဒဏ်ရာရရှိမှုများရှိကြောင်းနှင့် လူနေအိမ်များနှင့် သီးနှံစိုက်ခင်းများလည်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်