စက်တင်ဘာ ၈
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘူချီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကြာသေးမီက ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့ရာ လူ ၁၀ ဦး ထက်မနည်းသေဆုံးကြောင်း ဒေသန္တရကယ်ဆယ်ရေးအေဂျင်စီတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် နေအိမ်နှင့် စိုက်ပျိုးမြေ ဟတ်တာပေါင်းများစွာလည်း ပျက်စီးခဲ့သည်ဟု ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ အာဒမ်နာရိုလာက ပြည်နယ်မြို့တော် ဘုချီ ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
ဒေသန္တရအစိုးရနယ်မြေများအားလုံးရေဘေးသင့်မှုဖြစ်ပွားခဲ့ရာ နယ်မြေ ၁၂ ခုကို အဆိုးရွားဆုံးဖြစ်ပွားသည့် နယ်မြေများ အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့အထိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများ၊ နေအိမ်များနှင့်ပတ်သက်ပြီး ကယ်ဆယ်ရေးအေဂျင်စီက အချက်အလက်ရယူနေဆဲဖြစ်ကြောင်း သိရှိရသည်။
ဒေသန္တရအာဏာပိုင်များ၏ပြောကြားချက်အရ ဩဂုတ်လနှောင်းပိုင်းမှစတင်ကာ မိုးများသည်းထန်စွာရွာသွန်းခဲ့သည်ဟု သိရသည်။
ထောင်နှင့်ချီသောဒေသခံများသည် ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ခိုလှုံပြီးဖြစ်ကြောင်း နာရိုလာကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို