ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများသဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေအချို့တွင် သီးပင်စားပင်များစိုက်ပျိုးကြကြောင်းနှင့် သင်ပုတ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးထားသော နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိ ရသည်။
နဂါးမောက်သီးနှံသည် သွင်းအားစုကုန်ကျစရိတ်သက်သာပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ကာ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ အပင်အပြုအစု ကောင်းမွန်ပါက သက်တမ်း ၁၇ နှစ်အထိ ခူးဆွတ်ရောင်းချရကြောင်းနှင့် ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်ပြီး ရောင်းချရာတွင် အသီးအရွယ်အစားအပေါ်မူတည်၍ ငွေကျပ် ၂၀၀ မှ ၄၀၀ အထိ ရောင်းချရသဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သင်ပုတ်ကျေးရွာမှ နဂါးမောက်စိုက်တောင်သူ ဦးဇော်နိုင်ထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)