လဟယ် စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဩဂုတ်လမှ စတင်၍ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ များပြားလာခြင်းကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာခြင်းနှင့် အလုပ်ခွင်သို့ သွားရောက်ရာတွင် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်၍ သွားလာစေရေး အသိပညာပေးအနေဖြင့် Mask Campaign ကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက လဟယ်မြို့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်ရာတွင် နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့် ဒေသအဆင့် ဌာနဆိုင်ရာများ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး၀န်ထမ်းများ ပူးပေါင်း၍ လဟယ်မြို့လမ်းဆုံတွင် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေး၀ယ် ပြည်သူများအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်၍ သွားလာကြရန် အသိပညာပေးခြင်းနှင့် ပါစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများကို Mask အခု ၁၂၀၀ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး လဟယ်မြို့ပေါ် ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဈေးရောင်းဈေး၀ယ် ဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)
