စက်တင်ဘာ ၈

 

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဘင်ဒေါင်းပြည်နယ်တွင် မီးလောင်ကျွမ်းမှုကြောင့် ၃၂ ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။

 

အဆိုပါမီးလောင်ကျွမ်းမှုသည် စက်တင်ဘာ ၆ ရက် ညပိုင်းက အထပ်သုံးထပ်ရှိ ကာရာအိုအေဘားဆိုင်၏ ဒုတိယနှင့်တတိယထပ်တို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ထိုဆိုင်ဝန်ထမ်းနှင့် ဖောက်သည်များ ထိုမီးလောင်မှုအတွင်း ပိတ်မိနေသည်ဟု သိရသည်။

 

ထိုမီးလောင်ကျွမ်းမှုသည် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း  သတင်းဖော်ပြ ထားသည်။

 

မီးသတ်ကား ၁၃ စီး နှင့် မီးသတ်သမား ၆၆ ယောက်တို့ဖြင့် ထိုနေရာသို့သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ တစ်နာရီအကြာတွင် ယင်းမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် ထိုမတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင် နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီမှဩဂုတ်လအတွင်း မီးလောင်ကျွမ်းမှု ၁၁၄၇ ခုရှိပြီး ထိုမီးလောင်ကျွမ်းမှုများကြောင့် ၆၅ ဦး သေဆုံး၊ ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံ၏အထွေထွေစာရင်းအင်းရုံး၏ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို