စက်တင်ဘာ ၈
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၃၉၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၄၄၇၈၆၃၆ ဦး အထိ ရှိလာသည်ဟု သိရသည်။
အစောပိုင်းရက်က ကိုဗစ်ရောဂါကူးစက်မှုနှင့်နှိုင်းယှဉ်ပါက ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၃ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၈၀၉၀ ဦး အထိရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၅၀၃၄၂ ဦး ရှိသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၉၀၀၂၀၄ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို