နေပြည်တော်      စက်တင်ဘာ       

 

မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၅၀၁၁ ဒသမ ၇၅၁ သန်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ရှစ်ခုမှ  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်း ရှိကာ ပြည်တွင်း အလုပ်သမား ၃၂၆၃ ဦး၊  ပြည်ပ အလုပ်သမား ၁၅၉ ဦး အလုပ်သမား ဝန်ထမ်းအင်အား စုစုပေါင်း ၃၄၂၂ ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ (/၂၀၂၂) အစည်းအဝေးမှ သိရှိရသည်။

 

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ (/၂၀၂၂) အစည်းအဝေးကို  စက်တင်ဘာ ၇ ရက်က  ပြည်နယ်အစိုးရအဖွဲ့ရုံး၊အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ကာ “မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာ ကျသည့်နေရာတစ်ခုဖြစ်သလို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးကို ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် ခြေခံအဆောက်အအုံများနှင့်ရေရှည်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရေးကိုလည်း လေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ စက်မှုဇုန်အနေဖြင့် စက်ရုံများမှ စွန့်ပစ်ရေဆိုးများနှင့် အညစ်အကြေးများကို စနစ်တကျဆောင်ရွက်ပေးကြရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက် ပေးကြရန်ပြောကြားခဲ့သည်။

 

ထို့နောက် တင်ပြလာသော ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်အတွင်း ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ​“ရန်ပုံငွေ သုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုသည့် လုပ်ငန်းများ၊ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကိုဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကောင်းမွန်သော စီးပွားရေး အခြေအနေများ ဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။ ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် နိုင်ငံ့စီးပွား မြှင့်တင်ရေး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု တစ်ပြေးညီ ဖြစ်စေ​​ရန် ရည်ရွယ်၍ခေတ်မီစံပြကျေးရွာများ တည်ထောင်ကာ သမဝါယမစနစ်ဖြင့် စိုက်ပျိုး၊မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ​​ဆောင်ရွက်ထားရှိပြီး ဖြစ်ကာ ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ​ ​ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်