ငဖဲ စက်တင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဆင်ချည်တိုင်ကျေးရွာ ကွက်သစ်သို့ သွားရောက်၍ နွားကောင်ရေ ၂၄၀ အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး၊ ဒေါက်တာဆုပိုင်မြင့်ဦးနှင့် ဝန်ထမ်းများ ဦးဆောင်၍ တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများ ပူးပေါင်းကာ နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရ ညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာ ကျွေးမွေးရန်နှင့် စနစ်တကျ မွေးမြူနည်းများ၊ ကျွဲနွားကူးစက်ရောဂါ သံသယလက္ခဏာများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် တောင်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)