နေပြည်တော်    စက်တင်ဘာ    ၈

 

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ  အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာနိုင်ငံ တက္ကသိုလ် အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်    ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာ ညွန့်ဖေ၊       ဦးမင်းသိန်းဇံနှင့် ဒေါက်တာသက်သက်ခိုင်၊  ပြည်ထောင်စု   ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ  ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် ဦးမျိုးလှိုင်၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်း သား၊  အားကစားသမားများ၊ နည်းပြများ၊  အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ   တက်ရောက် ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က       အမှာစကား ပြောကြားရာတွင်   ယနေ့အခမ်းအနားသည်   ဇူလိုင်  ၂၆  ရက်မှ ဩဂုတ် ၆ ရက်အထိ ထိုင်းနိုင်ငံ အူဘွန်းရချဌာနီမြို့တွင် ကျင်းပခဲ့ သည့် အကြိမ်(၂၀)မြောက်အာဆီယံ  တက္ကသိုလ်များ  အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိ ခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ် အားကစားအဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့်  အခမ်းအနားဖြစ်ကြောင်း။

 

အားကစားဆိုသည်မှာ   နိုင်ငံ တစ်နိုင်ငံ၊     လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့်   စည်းလုံးညီညွတ်မှု တို့ကို ပေါ်လွင်စေပြီး အားကစား ပြိုင်ပွဲများသည် တရားမျှတမှုရှိသည့်   စွမ်းရည်ပြယှဉ်ပြိုင်မှု များဖြစ်ကြောင်း၊     အလားတူ အားကစားဆိုသည်မှာ    နိုင်ငံသူ၊ နိုင်ငံသားများ၏     စိတ်နှလုံးကို ဆွဲဆောင် သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ကာ အမျိုးသားရေး စိတ်ဓာတ်များ   ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊  အရှုံးမပေးသည့် စိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုး၏  ခိုင်မာသည့် စိတ်ဓာတ်များကို ဖော်ပြရာလည်း ရောက်သည့်အတွက် ကမ္ဘာ့နိုင်ငံများတွင် အားကစားအဆင့် အတန်းကို      မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ      ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တွင်   အားကစား ကဏ္ဍသည်လည်း  အထူးအရေးပါကြောင်း၊   ယခုကဲ့သို့   မိမိတို့၏ စွမ်းရည်ဉာဏ်ပညာကို   အသုံးပြု ယှဉ်ပြိုင်  အောင်ပွဲဆင်နိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူကြောင်း။

 

ထို့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်းများတွင် အားကစားသမားအချင်းချင်း အပြန်အလှန် လေးစားမှု၊   ချစ်ခင်ညီညွတ်မှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး   တရားသဖြင့် အောင်နိုင်ရေးကို  ဦးတည်သည့် အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင် ခဲ့ကြသည်ကို  သိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း။

 

အားကစား  အောင်မြင်မှုဖြင့် နိုင်ငံတော်၏    ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန် ပြိုင်ပွဲတိုင်း အနိုင် ရရှိရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် မြန်မာတက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားအဖွဲ့ဝင်   မောင်မယ်အားလုံး      ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့  အောင်မြင်မှုများ ရရှိခဲ့ ကြခြင်းဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံကို   နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊   ကဏ္ဍစုံ  အားထုတ် ကြိုးပမ်း   ဆောင်ရွက်ရာတွင် အားကစားကဏ္ဍကို      တစ်ခန်း တစ်ကဏ္ဍ   ထည့်သွင်းပြီး   နိုင်ငံ တကာအဆင့်မီ    ဖွံ့ဖြိုးတိုးတက် စေရေးအတွက်   နိုင်ငံတော်က စနစ်တကျ   အစီအမံများ   ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။

 

တစ်နည်းအားဖြင့်   မိမိနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာ ကြံ့ခိုင်မှုနှင့်   အားကစားအဆင့် အတန်းကို       မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းအားကစား ပြိုင်ပွဲများ၊ ဒေသတွင်း အားကစား ပြိုင်ပွဲများနှင့်  နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြပြီး  မိမိတို့၏ အားကစားစွမ်းရည်ကို  ထုတ်ဖော်ပြသနိုင် ရေးအတွက်  အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

 

မည်သည့်      အားကစားမဆို ချက်ချင်းမွေးယူ၊ ချက်ချင်း ကြီးထွားတိုးတက်အောင် ဆောင်ရွက်၍ရသော        အရာမဟုတ်ကြောင်း၊    ထို့ကြောင့်   ကာယ စွမ်းအားသာမက       စိတ်ဓာတ် စွမ်းအားနှင့်  ဉာဏစွမ်းအားများ မြင့်မားစေခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ နှင့်    စိတ်ပိုင်းဆိုင်ရာများ   ပိုမို တိုးတက်လာစေရန်    အားကစား ကို အားပေးမြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 

အားကစားကောင်းမှ  ပညာ ကောင်းမည်ဖြစ်ပြီး ပညာကောင်းမှ   နိုင်ငံတိုးတက်မည်ဖြစ်သည့် အတွက်       ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကြံ့ခိုင်သော လူချွန်လူကောင်းများ   ပေါ်ထွက်လာစေရန်    အားကစား ကဏ္ဍကို ပညာရေးနှင့်   ပေါင်းစပ်မြှင့်တင် ပေးရမည်ဖြစ်ကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးအတွက်   ကျောင်း အားကစားကွင်းများ  အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသကဲ့သို့ ပညာရေးနှင့် အားကစား  ပေါင်းစပ်သင်ယူနိုင်သည့် အခွင့်အလမ်းများ တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကာယဆရာ ဆရာမများအတွက် သင်တန်းများကို အားကစားနှင့်    လူငယ် ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်ပေးခဲ့သကဲ့သို့  ဒဂုံတက္ကသိုလ်နှင့်   ရတနာပုံတက္ကသိုလ်တို့တွင်လည်း     B.Sc (Sports)ဘွဲ့ သင်တန်းကိုလည်း    ပူးပေါင်း သင်ကြားပို့ချလျက်ရှိကြောင်း။

 

အလားတူ      တက္ကသိုလ် ကောလိပ်များနှင့် စာသင်ကျောင်း များတွင်လည်း အားကစားနည်းပြ များ၊ ကာယဆရာ များ ခန့်အပ်ပေးထားကာ ပညာရေးကို အားကစားကဏ္ဍနှင့် ပေါင်းစပ်မြှင့်တင်ရင်း မျိုးဆက်သစ် ပညာတတ် လူငယ်လူရွယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း။

 

ထို့ပြင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက်   ကျောင်းတွင်း    အာဟာရ ကျွေးမွေးရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်   ပူးပေါင်းဆောင် ရွက်လျက်ရှိခြင်းကို ပိုမိုအားထုတ် တိုးချဲ့  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးနှင့် စိတ်ဓာတ် ကောင်းမွန် သော   မျိုးဆက်သစ် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။ 

 

 တက္ကသိုလ်အားကစားပြိုင်ပွဲ များကို လေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် နှစ်နှစ် တစ်ကြိမ် အလှည့်ကျ ကျင်းပသည့် အရှေ့တောင်အာရှ တက္ကသိုလ်များ    အားကစားပြိုင်ပွဲဖြစ်သော ၂၀၁၀    ပြည့်နှစ်  ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ   တက္ကသိုလ် များ  အားကစားပြိုင်ပွဲမှစတင်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင်  ဘောလုံး၊  ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ စားပွဲတင် တင်းနစ်၊  တင်းနစ်၊  ဂေါက်ဖ်နှင့် ပြေးခုန်ပစ်  အားကစားနည်းများတွင်   တက္ကသိုလ် ကျောင်းသား ကျောင်းသူ       အားကစားသမား ၄၇   ဦး     ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ဘောလုံး၊       ပိုက်ကျော်ခြင်းနှင့် တင်းနစ်အားကစားနည်း များတွင် ကြေးတံဆိပ်တစ်ခုစီ  ဆွတ်ခူးရရှိခဲ့ကြောင်း။

 

ဒုတိယအကြိမ်   ဝင်ရောက် ယှဉ်ပြိုင်မှုအဖြစ်    ၂၀၁၂  ခုနှစ် လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ တက္ကသိုလ်  ကျောင်းသား ကျောင်းသူ    အားကစားသမား ၆၂     ဦး   ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပိုက်ကျော်ခြင်း  အားကစားနည်းတွင် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု  ဆွတ်ခူးရရှိခဲ့ကြောင်း။

 

တတိယအကြိမ်   ဝင်ရောက် ယှဉ်ပြိုင်မှုအဖြစ ၂၀၁၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက်  အရှေ့တောင် အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားသမား ၈၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ    ဝူရှူးနှင့် ကရာတေးဒိုတွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ငါးခု၊ ပိုက်ကျော်ခြင်းတွင်        ကြေးတံဆိပ် နှစ်ခုနှင့် ပြေးခုန်ပစ် အားကစားနည်းတွင် ကြေးတံဆိပ်  သုံးခု  ဆွတ်ခူးရရှိခဲ့ကြောင်း။

 

စတုတ္ထအကြိမ်     ဝင်ရောက် ယှဉ်ပြိုင်မှုအဖြစ်   ၂၀၁၆  ခုနှစ် စင်ကာပူနိုင်ငံ၌   ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ     အားကစားသမား ၃၇     ဦး   ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပိုက်ကျော်ခြင်း  အားကစားနည်း တွင် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း။

 

၂၀၁၈ ခုနှစ်တွင်  (၁၉)ကြိမ်မြောက်  အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံ၌  အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး     အားကစား နည်း  ၁၇ မျိုး ထည့်သွင်းကျင်းပ ခဲ့ကြောင်း၊       ကျင်းပခဲ့သည့် အားကစားနည်းတိုင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ အားကစားသမား  ၃၅၃ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်  ၂၄  ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ်  ၂၉ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံ အလိုက် အဆင့်ရပ်တည်မှု အဆင့် (၄)တွင် ရပ်တည်နိုင်ခဲ့ကြောင်း။

 

ယခု ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသည့် အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ   တက္ကသိုလ် များ       အားကစားပြိုင်ပွဲတွင် အားကစားနည်း   ၂၃ မျိုး  ပါဝင် သော်လည်း         မြန်မာနိုင်ငံ တက္ကသိုလ်များ အားကစား အဖွဲ့မှ ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်မှု လွန်မြောက်ကာလဖြစ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝူရှူးနှင့် မြားပစ် အားကစားနည်း လေးမျိုးတွင်သာ တက္ကသိုလ်        ကျောင်းသား ကျောင်းသူ    အားကစားသမား ၃၃   ဦး    ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်း သူ   အားကစားမောင်မယ်များ သည် နည်းစနစ်ပိုင် နိုင်ကျွမ်းကျင်မှု၊   အားကစားစွမ်းဆောင်ရည် မြင့်မားမှု၊ စံချိန်စံညွှန်း ကောင်းမွန် မှု စသည့်အချက်များ ပြည်ဝခိုင်မာစွာ      ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အတွက် စုစုပေါင်း  ရွှေတံဆိပ်ဆု နှစ်ခု၊     ငွေတံဆိပ်ဆု   နှစ်ခုနှင့် ကြေးတံဆိပ်ဆု နှစ်ခု ဆွတ်ခူးရရှိ ခဲ့ကြကြောင်း။

 

ထိုသို့      သွားရောက်ယှဉ်ပြိုင် ခဲ့ရာတွင်         အားကစားသမား တစ်ဦးလျှင်   ငွေကျပ်နှစ်သိန်းနှင့် အမေရိကန် ဒေါ်လာ  ၂၀ဝ  နှုန်း၊ နည်းပြတစ်ဦးလျှင်    ငွေကျပ် တစ်သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၀ဝ    နှုန်းစီတို့အား   နိုင်ငံတော်ဝန်ကြီးချုပ်မှ    ထောက်ပံ့ချီးမြှင့် ခဲ့ကြောင်း။

 

ယခု  ဂုဏ်ပြုချီးမြှင့်ပွဲတွင်လည်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် ၇၅ သိန်း၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် ၂၅ သိန်းစီ ချီးမြှင့်ပေးမည့်အပြင်   အဖွဲ့လိုက် ပြိုင်ပွဲဖြစ်သည့်    ဘောလုံးအား ကစားပြိုင်ပွဲတွင်   ကြေးတံဆိပ် ရရှိခဲ့သည့်   ပြိုင်ပွဲဝင်အားကစား သမားများကို တစ်ဦးလျှင် ငွေကျပ် ၁၀  သိန်းစီ  ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊   ထို့ပြင်  အားကစား နည်းအလိုက်   တာဝန်ယူဆောင် ရွက်ခဲ့ကြသည့်      နည်းပြနှင့် အုပ်ချုပ်သူများကို   ရွှေတံဆိပ် အတွက်တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ စီ၊ ငွေတံဆိပ်အတွက် ငွေကျပ် ၁၅ သိန်းစီ၊ ကြေးတံဆိပ်အတွက် ငွေကျပ်   ၁၀   သိန်းစီ  ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည့်အတွက် စုစုပေါင်းငွေကျပ် ငါးရာငါးဆယ့် ငါးသိန်းကို  ယနေ့အခမ်းနားတွင် လက်ရောက်ပေးအပ် ချီးမြှင့်သွား မည်ဖြစ်ကြောင်း။

 

တက္ကသိုလ်အားကစားသမားများသည်   သတ်မှတ်ထားသည့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို သာမက     နည်းပြဆရာများ၏ လမ်းညွှန်မှုများကို လိုက်နာခဲ့ကြပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့်     ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သဖြင့် ရွှေ၊ ငွေနှင့် ကြေးဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ချီးကျူးဂုဏ်ပြု    မှတ်တမ်းတင် ကြောင်းနှင့် နောင်လာမည့် ပြိုင်ပွဲများတွင်   အောင်မြင်မှုများရယူနိုင်ရန် ကြိုတင်လေ့ကျင့်ပြင်ဆင် ဆောင်ရွက်သွားကြရမည်   ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကြိမ်(၂၀)မြောက် အာဆီယံတ က္ကသိုလ်များ အားကစားပြိုင်ပွဲသို့    ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်    အခြေအနေကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌက အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ်များ   အား စားပြိုင်ပွဲ      ဝူရှူးအားကစား ပြိုင်ပွဲတွင်    ရွှေတံဆိပ်ဆုရရှိသူ နှစ်ဦးကိုလည်းကောင်း၊    နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက  ဝူရှူးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိသူနှစ်ဦးကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်က ဝူရှူးအားကစား ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူ တစ်ဦးနှင့် ကြေးတံဆိပ်ရရှိသည့် မြန်မာနိုင်ငံ တက္ကသိုလ် အမျိုးသားဘောလုံး အသင်းကို  လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ညွန့်ဖေက  ဝူရှူးအားကစားအဖွဲ့ အုပ်ချုပ်သူနှင့်  နည်းပြကိုလည်း ကောင်း၊   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဘောလုံး အားကစားအဖွဲ့   အုပ်ချုပ်သူနှင့် နည်းပြများကို  လည်းကောင်း ဂုဏ်ပြုဆုများ   ပေးအပ်ချီးမြှင့် ကြသည်။

 

ထို့နောက်   နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများ ကိုယ်စား ဝူရှူးအားကစားပြိုင်ပွဲ တွင်    ရွှေတံဆိပ်ဆုရရှိသည့် မအေးသစ္စာမြင့်က   ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို         ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်