နေပြည်တော် စက်တင်ဘာ ၉
နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုများအား နေပြည်တော် ကောင်စီက ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေးခြင်းကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မြဝတီရပ်ကွက်၊ တဲကုန်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းနှင့် ဆရာစံရပ်ကွက်၊ နယ်မြေ(၁)တို့တွင် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန်တစ်ပြည် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။
ထို့သို့ရောင်းချပေးရာတွင် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရပ်ကွက်များတွင်လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်