ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (မြောက်)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိသည်။
စားသောက်ကုန်များ ရောင်းချရာတွင် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်လျှင် ၁၈၇၅ ကျပ်၊ ဆီ ၅၀ သားလျှင် ၂၆၅၀ ကျပ်၊ ကြက်ဥ ၁၀ လုံးလျှင် ၁၇၅၀ ကျပ်ဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ခင်ငြိမ်းချမ်းဝင်း