စက်တင်ဘာ ၉

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၆၉ ဦး ရှိပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း  ၁၈၅၄၄၅၅ ဦး ရှိလာကြောင်း ဖော်ပြထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ပီစီအာဖြင့်စစ်ဆေးတွေ့ရှိမှု ၂၁၂ ဦး၊ အေအာတီဖြင့်စစ်ဆေးတွေ့ရှိမှု ၁၉၅၇ တို့ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပီစီအာဖြင့်စစ်ဆေးတွေ့ရှိမှုများအနက် ပြည်တွင်းကူးစက်မှု ၁၈၄ ဦးနှင့် ပြည်ပကူးစက်မှု ၂၈ ဦးတို့ ဖြစ်သည်။

 

အေအာတီဖြင့်စစ်ဆေးတွေ့ရှိမှုများတွင် ပြည်တွင်းကူးစက်မှု ၁၇၅၂ ဦးနှင့် ပြည်ပကူးစက်မှု ၂၀၅ တို့ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင်  ၂၃၄ ဦး ကုသမှုခံယူလျက်ရှိပြီး ၁၀ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။

 

ယမန်နေ့က ထိုရောဂါကူးစက်မှုကြောင့် ထပ်မံသေဆုံးမှုမရှိခဲ့သော်လည်း သေဆုံးသူပေါင်း ၁၆၀၁ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို