လပွတ္တာ         စက်တင်ဘာ         

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ()မိုင်မြို့သစ်၊ အမှတ်()ရပ်ကွက်ရှိ ပြည်သူများအား စက်တင်ဘာ ၉ ရက်က အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့် ကြက်သွန်များကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ ရောင်းချပေးခြင်းကို လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆန်စက်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ၏ စီစဉ်မှုဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည် ၁၀၀၀ ကျပ်၊ ကြက်သွန်တစ်ပိဿာ ၁၅၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၀၀ ကျပ်တို့ဖြင့် အိမ်ထောင်စု ၁၂၀ ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

 

လပွတ္တာ(ပြန်/ဆက်)