နောင်တရား         စက်တင်ဘာ        

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ နောင်ကားမှီးအနောက်ကျေးရွာ၌ ပင်လောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားမျိုးကောင်း မျိုးသန့်များ တိုးပွားလာစေရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဒေသနွား (ပြာစိမ်း) ၁၁ ကောင်ကို မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူရေးတောင်သူများထံ စက်တင်ဘာ ရက် နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက ဒေသနွားမများအား မျိုးကောင်းမျိုးသန့် နွားသိုးဖြင့် သားစပ်နိုင်ရန်နှင့် နွားမျိုးကောင်းမျိုးသန့်များ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ဒေသနွား ပြာစိမ်း အမ ၁၀ ကောင်နှင့် အထီး တစ်ကောင်တို့ကို ဖြန့်ဖြူးခြင်းဖြစ်ကြောင်းပြောကြားကာ ပင်လောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါက်တာနန်းနှင်းအိခိုင်က မွေးမြူဘဏ်စနစ် အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဒေသနွား ပြာစိမ်း အထီး တစ်ကောင်နှင့် အမ ၁၀ ကောင်တို့ကို ကျေးရွာကြီးကြပ်မှု ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)