ကော့မှူး စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံစားသောက်ကုန်များကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ မြို့မရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံ၌ ပြည်သူများလက်ဝယ် အရောက် ရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်၊ စားဆီတစ်ပိသာလျှင် ၅၃၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်ဖြင့် တစ်ဦးလျှင် ဆန် နှစ်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံးစီတို့ကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)