ပျော်ဘွယ်       စက်တင်ဘာ        ၉

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းနှင့် မြို့နယ်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အခြေခံ လူတန်းစားများအား ချိုသာသောစျေးနှုန်းဖြင့် စာသုံးဆီရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ညောင်နွယ်ကျေးရွာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချပေးရာတွင် ဆီတစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ပြီး စုစုပေါင်း ပိဿာ ၅၅၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မင်းမင်းထွေး(ပျော်ဘွယ်)