စက်တင်ဘာ ၉
ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်၏မြို့တော် ဘီလမ်အနီးတွင် ယမန်နေ့မနက်က သင်္ဘောတစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သော သတင်းရင်းမြစ်က ဖော်ပြသည်။
အဆိုပါသင်္ဘောသည် ဘီလမ်နှင့် မာရာဂျိုကျွန်းပေါ်ရှိ ကမ်မာရာအကြား သွားလာနေစဉ် ကိုတီဂျူဘာကျွန်းပေါ်ရှိ ဆော့ဒါဒီကမ်းခြေအနီးတွင် နစ်မြုပ်သွားခြင်းဖြစ်သည်။
ထိုမတော်တဆမှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
မီးသတ်သမားများသည် ရေငုပ်သမားများ၏ အကူအညီဖြင့် ပျောက်ဆုံးနေသူများကိုရှာဖွေရန်နှင့် အလောင်းများကို ဆယ်ယူရန် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို