မင်းဘူး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဩဇာသီးစိုက်ပျိုးရောင်းချသူများ ဈေးကောင်းရရှိ၍ ရောင်းအားကောင်းမွန်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့နယ်တွင် ဒေသခံတောင်သူများက ဩဇာသီးစိုက်ပျိုးရေးကို နေအိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံအဖြစ် အားထားစိုက်ပျိုးကြသူများရှိသလို အချို့တောင်သူများက မိမိတို့၏ သီးနှံစိုက်ပျိုးရာ ကန်သင်းပေါင်များတွင် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် ဩဇာသီးစိုက်ပျိုးကြသူများ မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းပြီး လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရကြောင်း မင်းဘူးမြို့နယ် ကျွဲသုံးမြှောင်ကျေးရွာမှ တစ်ပိုင်တစ်နိုင် ဩဇာသီးစိုက်ပျိုးရောင်းချသည့် ဒေသခံ တောင်သူများထံမှ သိရသည်။
“ဩဇာသီးတစ်လုံးကို ငွေကျပ် ၂၅၀ ရောင်းရပြီး ဈေးကောင်းလည်းရတယ်။ နေ့စဉ် သီးနှံအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေပါတယ်” မင်းဘူးမြို့နယ် ကျွဲသုံးမြှောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။
လှိုင်ဝင်းလေး