ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ၂၈ ရပ်ကွက်၊ အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ကျောင်းရှိ ရေသိုလှောင်ရာ အုတ်စည် အုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အမှိုက်သရိုက်များ၊ သစ်ပင်ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း၊ အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများ ဆယ်ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)