နတ်မောက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက နတ်မောက်မြို့၊ တြိဂံလမ်းဆုံ၊ မြို့မစည်ပင်သာယာစျေးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခဲ့ပြီး Mask များ လိုက်လံဝေငှာပေးခဲ့ကြောင်း သိရသည်။
လှဝင်း