နေပြည်တော်           စက်တင်ဘာ          ၁၀

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်၍  စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ကျည်တောင်ကန်စျေး ၌ Mask Campaign ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ခရီးသွားများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရန်၊  ပြည်သူများ နေအိမ်မှထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွာဆေး အကြိမ်ပြည့်ထိုးနှံစေရန် အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)