ချောင်းဆုံ စက်တင်ဘာ ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သြဂုတ်လကုန်အထိ မိုးစပါးစိုက်ပျိုးနိုင်မှုမှာ ၆၅၂၄၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၇ အုပ်စုတွင် ၂၀၂၂ ခုနှစ်အတွင်း မိုးစပါးဧက ၆၅၁၀၅ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး လက်ရှိအချိန်အထိ ၆၅၂၄၂ ဧက စိုက်ပျိုးထားပြီးဖြစ်သည့်အတွက် လျာထားဧကထက် ၁၃၇ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ စိုက်ပျိုးထားသည့် စပါးမျိုးများမှာ ဘန်ကောက် ၁၃၉၃၇ ဧက၊ ကျွန်းရွှေဝါ ၇၇၀၂ ဧက၊ ရွှေတဆုတ် ၁၁၉၁၄ ဧက၊ ပေါ်ဆန်းရင် ၂၀၀၀၉ ဧက၊ မီးဒုံး ၁၁၂၆၆ ဧကနှင့် ကောက်ညှင်း ၄၁၄ ဧက တို့ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သူဇာ(ချောင်းဆုံ)