စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီး ဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုကာ ဝယ်ယူအားပေးကြသည်။ ထို့နောက် စစ်တွေမြို့၊ လမ်းသစ်ရပ်ကွက်ရှိ ဦးရဲကျော်သူကျောင်းတိုက်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)