ဇလွန် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ရှေ့နှင့် ညောင်ပင်စျေးတို့တွင် လမ်းသွားလမ်းလာ ပြည်သူများနှင့် စျေးရောင်းစျေးဝယ်များအား စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက နှာခေါင်းစည်းများ ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ နှာခေါင်းစည်း အခု ၈၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)