နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာအုပ်စုများမှ အိမ်ထောင်စုများအား နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဈေးနှုန်းသက်သာစွာ ဆန်ရောင်းချပေးခြင်းနှင့် ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းတို့ကို့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ချိုင်းကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ အုပ်စုနှင့် ရွာမကျေးရွာအုပ်စုများမှ အိမ်ထောင်စု ၂၄၀ ကို တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် တစ်ထောင်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး အဆိုပါ ရောင်းချနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒက္ခိဏသီရိမြို့မဈေး၊ လူစည်ကားရာ လမ်းဆုံလမ်းခွ လေးနေရာ၌ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ် ပြည်သူများအား နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)