ရေနံချောင်း စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ တွင်းကုန်းရပ်ကွက်တွင် စက်တင်ဘာ ၁၀ ရက် နံနက် ၄ နာရီက ခိုးဝင်ဘင်္ဂါလီ ၁၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ သိရှိရသည်။
ရေနံချောင်းမြို့ လက်မှတ်ကုန်းနယ်မြေ ရဲစခန်းမှ ရဲအုပ်ဝင်းညွန့်နှင့်အဖွဲ့၊ တွင်းကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တွင်းကုန်းဓမ္မာရုံဘက်မှ ခွေးဟောင်သံကြား၍ သွားရောက်ကြည့်ရှု စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး အသက် ၂၀ ခန့် မာမွတ်စတီးပါ အမျိုးသား သုံးဦးအားတွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ထွက်ဆိုချက်များအရ တွင်းကုန်းမြောက် ရပ်ကွက်ရှိ ဦးအောင်မျိုး၊ အသက်(၄၄)နှစ် ၏ နေအိမ်ခြံဝင်းအတွင်းရှိ ဝါးဖြင့်ဆောက်လုပ်ထားသည့် တဲအဆောင်၌ ဘင်္ဂါလီလူမျိုး အမျိုးသား (ကလေးတစ်ဦးပါ ) သုံးဦး၊ ဘင်္ဂါလီလူမျိုး အမျိုးသမီး (ကလေးတစ်ဦးပါ) ကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိသည့် ခိုးဝင်ဘင်္ဂါလီ ၁၅ ဦးတို့၏ ကိုယ်ရေးအချက်အလက်များ ရရှိရေးနှင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိသော တွင်းကုန်းမြောက်ရပ်ကွက်မှ ဦးအောင်မျိုးအား ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံ လက်မှတ်ကုန်းရဲစခန်းမှ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)