မိုင်းတုံ စက်တင်ဘာလ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် နောင်ယာဆိုင်း(၁၃)မိုင် ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များက နောင်ယာဆိုင်း(၁၃)မိုင် ကျေးရွာ၌ အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊အမြင့် ၁၂ ပေရှိ ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်(ကျေး/လက်)