မင်းဘူး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းသီးနှံ ၆၇၈၂ ဧက လျာထားစိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို ရေပုတ်၊ ဇရပ်ကြီး၊ မန်းကျိုး၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ ငွေသောင်၊ သီးကုန်း၊ မုန်တောင်၊ ချောင်းဖြူ၊ ဆင်ခေါင်း၊ ရွာသယာ ကျေးရွာများတွင် စိုက်ပျိုး၍ စုစုပေါင်း စိုက်ဧက ၆၇၈၂ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ပဲတီစိမ်းစိုက်ပျိုးရာတွင် သီးနှံများအောင်မြင် ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများကို စနစ်တကျပြသကာ ပက်ကြဲစိုက်ပျိုးခြင်းနှင့် အတန်းလိုက် စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးရှိသည်။ အတန်းလိုက်စိုက်ပျိုးပါက အပင်များ လေဝင်လေထွက် ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကာ အထွက်နှုန်းကောင်း၍ အပင်များ ရှုပ်ထွေးမှုမရှိသည့်အတွက် ပိုးကျရောက်မှုလည်း နည်းကြောင်း၊ သို့သော် ပဲတီစိမ်းစိုက်ပျိုးရာတွင် မြေအမျိုးအစားနှင့် အစိုဓာတ်ရရှိမှု အပေါ်မူတည်ပြီး အထွက်နှုန်းများ ကွဲပြားကာ တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၃၀ အထိ အမျိုးမျိုး ထွက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)