ရေကြည် စက်တင်ဘာ ၁၁
ရေကြည်မြို့နယ်တွင် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် (၉)မျိုးတို့အား ယနေ့နံနက် ၈ နာရီက ရေကြည်မြို့နယ် ဆရာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသည်။
ထိုသို့ရောင်းချရာတွင် ဆင်းသုခ ဆန်(၁)ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ပဲလတ်ဆီ (၅၀) ကျပ်သားပါ တစ်ဘူးလျှင် ၃၃၀၀ ကျပ်၊ ဆား(၅၀)ကျပ်သားလျှင် ၁၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၀၀ ကျပ်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ရုံးမတီသီးတို့အား တစ်စီးလျှင် ၁၀၀ ကျပ်၊ သခွားသီးတစ်လုံးလျှင် ၃၀၀ ကျပ်၊ ခရမ်းသီးတစ်စီးလျှင် ၄၀၀ ကျပ်ဖြင့် ဟင်းသီးဟင်းရွက်များကို အထူးဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)