ဆိုးလ်    စက်တင်ဘာ   ၁၃

 

တောင်ကိုရီးယား နိုင်ငံ၌ စက်တင်ဘာ ၁၁ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်ခံရသူ ၃၆၉၃၈ ဦး စစ်ဆေးတွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း အဆိုပါရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၄၀၄၁၈၂၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

 

တောင်ကိုရီးယား နိုင်ငံ၌ အဆိုပါရောဂါကူးစက်ခံရမှု အရေအတွက်သည် ယခင်ရက်ကထက် မြင့်တက်လာကြောင်း တောင်ကိုရီးယား  ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့အပြင် အဆိုပါကူးစက်ခံရ သူများအနက် ၂၀၂ ဦးသည် ပြည်ပပြန် ကူးစက်မှုဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း ပြည်ပပြန် ကူးစက်မှုအရေအတွက် စုစုပေါင်း ၆၂၀၃၀  ဦး  အထိ  ရှိလာပြီဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၌  ရောဂါပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေအနေတွင်  ကူးစက်ခံရသူ ၅၅၃ ဦးရှိပြီး  ယခင်ရက်က ထက် ၂၁ ဦး တိုးလာကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ  ၂၂  ဦးရှိသည့် အတွက် အဆိုပါရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၇၄၉၈ ဦး အထိ ရှိလာပြီဖြစ်သည်။    

 

ဆင်ဟွာ