နယူးဒေလီ စက်တင်ဘာ ၁၃
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တက်ရောက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် အိန္ဒိယက ကြေညာခဲ့သည်။
နှစ်ရက်ကြာကျင်းပမည့် လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အစည်းအဝေးကို ကြာသပတေးနေ့မှ စတင်ကာ ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လည်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေးပွဲပြင်ပတွင် ဝန်ကြီးချုပ်မိုဒီသည် နှစ်ဖက်တွေ့ဆုံမှု အနည်းငယ် ပြုလုပ်ဖွယ်ရှိသည်ဟု အိန္ဒိယအစိုးရက ပြောကြားသည်။
တရုတ်နိုင်ငံ၏ ရေကြောင်းလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် အိန္ဒိယနိုင်ငံသည် Quad အမည်ရ လေးနိုင်ငံမူဘောင်တွင် ပါဝင်နေခြင်းဖြစ်ပြီး အခြားအဖွဲ့ဝင် သုံးနိုင်ငံမှာ ဂျပန်၊ အမေရိကန် နှင့် ဩစတြေးလျနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ