ချန်ဒူ စက်တင်ဘာ ၁၃

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ လူဒင်ဒေသနှင့် အနီးဝန်းကျင် ဒေသများ၌ စက်တင်ဘာ ၅ ရက်က ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသူ စုစုပေါင်း ၉၃ ဦးအထိ ရှိလာပြီး ၂၅ ဦးမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသအာဏာပိုင်များက စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။

 

အဆိုပါ သေဆုံးသူများသည် စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီ အထိ ကောက်ယူရရှိသည့် စာရင်းဖြစ်ပြီး  တိဘက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ၅၅ ဦး ပါဝင်ကြောင်းနှင့် ရှီမင်းအန်ဒေသမှ ၃၈ ဦး ပါဝင်ကြောင်း ကယ်ဆယ်ရေးဌာနချုပ်၏ အဆိုအရ သိရသည်။ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲသူများတွင် လူဒင်ဒေသမှ ကိုးဦး ပါဝင်ပြီး ရှီမင်းအန်ဒေသမှ ၁၆ ဦး ပါဝင်ကြောင်း သိရသည်။  

 

ဆင်ဟွာ