နယူးဒေလီ စက်တင်ဘာ ၁၂
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၂၂၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၅၀၀၅၈၀ ရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာပေါင်း ၄၇၁၇၆ ဦးရှိကြောင်းသိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံး သူပေါင်း ၅၂၈၁၆၅ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှပြန်လည် ကျန်းမာလာသူ ၅၉၇၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၃၉၂၅၂၃၉ ဦးရှိလာကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၁ ဘီလီယံကျော် အသုံးပြုပြီး ဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ ပြည်သူ ၈၈၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်