စက်တင်ဘာ ၁၃

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၃၀၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၀၉၉၁၃၄ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၇၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ပြည်ပကူးစက်မှုပေါင်း ၆၂၃၀၂ ဦး ရှိလာသည်ဟု သိရသည်။

 

လွန်ခဲ့သောရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၆၉၃၈ ဦး ရှိရာမှ ကူးစက်မှုမြင့်တက်လာခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

 

လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၅၆၁၁၀ ရှိကြောင်း ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၅ ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုထားရာ သေဆုံးသူပေါင်း ၂၇၅၃၃ ဦးရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို