နေပြည်တော် စက်တင်ဘာ ၁၃

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ နယ်ရှိ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သီရိသုဇနဘေးမဲ့ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ပညာမဏ္ဍိုင် စာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ပုဗ္ဗာရုံစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဟင်္သာတအတွင်း ပတ္တမြားစာသင်တိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပရိယတ္တိမဉ္ဇူကျောင်းတိုက်နှင့်  အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန် တော်များကိုလည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ ဝန်ဆောင် မြို့ဦးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မဟာလယ်တီ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုံပျံတောရစက်တော်ရာ ကျောင်းတိုက် နှင့် အောင်မြေသာစံမြို့နယ်ရှိ မတ္တရာကျောင်းတိုက် ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မေတ္တာဝါဒီကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ သိမ်တောင်ကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်