စက်တင်ဘာ ၁၃
နယူးဇီလန်နိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် စားသောက်ကုန်ဈေးနှုန်း ၈ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုမြင့်မားလာရာ ၁၃ နှစ်အတွင်း အကြီးမားဆုံးဖြစ်ကြောင်း နိုင်ငံ၏စာရင်းအင်းဌာန Stats NZ က ယနေ့တွင် ပြောကြားသည်။
နှစ်စဉ်စားသောက်ကုန်ဈေးနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းမြင့်မားလာရာ ၂၀၀၉ ခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် အမြင့်မားဆုံးဖြစ်လာသည်ဟု Stats NZ ကဆိုသည်။
ထိုသို့မြင့်တက်လာခြင်းသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များ၊ အသင့်စားအစားအစာများ၊ အသားများ၊ မွေးမြူရေးကြက်၊ဘဲများနှင့် ငါးဈေးနှုန်းများအားလုံး မြင့်မားလာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဉဈေးနှုန်းများ၊ ဒိန်ချဉ်နှင့်ဒိန်ခဲကဲ့သို့သော ကုန်စုံဆိုင်စားသောက်ကုန်ဈေးနှုန်းများ အမြင့်မားဆုံးဖြစ်သည်ဟု စားသုံးသူဈေးနှုန်းမန်နေဂျာ ကတ်တီနာဒေါဘာရီက ပြောကြားထားသည်။
လစဉ်စားသောက်ကုန်ဈေးနှုန်းများသည် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ဩဂုတ်လတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းပိုမိုမြင့်မားလာသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို