စက်တင်ဘာ ၁၃
ဂျပန်နိုင်ငံတွင် သုံးနှစ်အရွယ်မိန်းကလေးတစ်ဦး ကျောင်းကြိုယာဉ်အတွင်းပိတ်မိခဲ့ပြီးနောက် အပူလျှပ်သေဆုံးခဲ့သဖြင့် နိုင်ငံအလယ်ပိုင်းရှိလူများသည် သီတင်းပတ်တစ်ပတ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်လျက်ရှိသည်။
ချီဇူအိုကာစီရင်စု၊ မာကီနိုဟာရာမြို့ရှိ ကာဝါဆာကီမူကြိုကျောင်း၏ ကျောင်းကြိုယာဉ်အတွင်း ငါးနာရီကြာပိတ်မိခဲ့သဖြင့် ယမန်နေ့က ကာဝါမိုတိုချီနာအမည်ရှိ မိန်းကလေးသေဆုံးသွားခဲ့သည်။
ဝမ်းနည်းပူဆွေးသူများသည် မူကြိုကျောင်းရှေိ့နှင့် ထိုမိန်းကလေးသေဆုံးသည့်ကားပါကင်နေရာသို့ ယမန်နေ့က သွားရောက်ခဲ့ကြပြီး ပန်းများ၊ သောက်စရာများဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြသခဲ့ကြသည်။
ရဲတပ်ဖွဲ့က ထိုကျောင်းကြိုယာဉ်ပေါ်ရှိကလေးများဘေးကင်းလုံခြုံမှုပျက်ကွက်ခဲ့သည့် မူကြိုကျောင်းအုပ်ကို သံသယရှိခဲ့သည်။
စုံစမ်းစစ်ဆေးသူများက ထိုနေ့က တာဝန်ကျဝန်ထမ်းများနှင့် မူကြိုကျောင်းအုပ်ကို စစ်ဆေးမေးမြန်းမှုပြုလုပ်လျက်ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို