စက်တင်ဘာ ၁၃
အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ် စီအန်ဒရာဘတ်မြို့ရှိ ဟိုတယ်အတွင်း မီးလောင်ကျွမ်းမှုကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရသတင်းရင်းမြစ်က ယနေ့တွင်ဖော်ပြထားသည်။
ယမန်နေ့ညက ဖြစ်ပွားသော မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူများကို ဒေသန္တရဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အချို့သောသူများမှာ အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။
အဆိုပါအဆောက်အဦကို မီးငြှိမ်းသတ်မှုလုပ်ဆောင်ခဲ့ပြီးနောက် အအေးပေးစနစ်ကို ယခုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ထိုအဆောက်အဦအတွင်းမှ ဒဏ်ရာရရှိသူ ခုနစ်ဦးနှင့် လူရှစ်ဦးအလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး အဆောက်အဦတစ်ခုလုံးကို ရှာဖွေမှုများဆောင်ရွက်ခဲ့ကြောင်း ဒေသန္တရမီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက တယ်လီဖုန်းဖြင့်ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို