မြို့သစ် စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး  မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်  စက်တင်ဘာ  ၁၂ ရက် နံနက် ၉ နာရီက လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

           

အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန   ဒုတိယဉီးစီးမှူး   ဉီးနိုင်လင်းလင်းမှ   လူကုန်ကူးမှု၊ လူမှောင်ခိုမှုဆိုင်ရာ  အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှု ပြစ်ဒဏ်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် လူကုန်ကူးမှုမခံရစေရေးအတွက် ရှောင်ကြဉ်ရ မည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

 

ဝင်းအိဇွန် ( ပြန်/ဆက် )