စက်တင်ဘာ ၁၄

 

ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း ဂီရွန်ဒီတွင် စက်တင်ဘာ ၁၂ ရက်ကစတင်ကာ တောမီးလောင်ကျွမ်းခဲ့သဖြင့် မြေဟက်တာ ၃၂၀၀ ကျော်လောင်ကျွမ်းသွားပြီး လူ ၈၄၀ ဘေးကင်းရာသို့ပြောင်းရွှေ့ခဲ့ကြကြောင်း ဂီရွန်ဒီစီရင်စုက ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါတောမီးငြှိမ်းသတ်ရာတွင် ဂီရွန်ဒီမှမီးသတ်သမား ၉၀၀ ကျော်အပြင် မကြာမီနာရီပိုင်းအတွင်း အခြားဒေသများမှမီးသတ်သမားများရောက်ရှိလာမည်ဖြစ်သည်။

 

ယနေ့မနက်ပိုင်းမှစတင်ကာ Canadair ရဟတ်ယာဉ်နှစ်စင်း၊ Dash လေယာဉ်တစ်စင်းနှင့် မီးသတ်ရဟတ်ယာဉ်သုံးစင်းတို့ဖြင့် ထိုတောမီးကို မီးငြှိမ်းသတ်ခဲ့သည်ဟု ထိုစီရင်စုကဆိုသည်။

 

လီပေါဂီနှင့် အခြားစီရင်စုများရှိ မီးဘေးသင့်သူများအတွက် အရေးပေါ်နေရာထိုင်ခင်းများလုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

 

အပူလှိုင်းများနှင့် ခြောက်သွေ့သောရာသီဉတုကြောင့် ယခုနှစ်နွေရာသီတွင် ဂီရွန်ဒီဒေသ၌ မြေ ဟက်တာပေါင်း ၃၀၀၀၀ ကျော် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု ထိုဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို