စက်တင်ဘာ ၁၄
ဗီယက်နမ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၀၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
စက်တင်ဘာ ၁၂ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၂၈၈ ဦးရှိရာမှ ကူးစက်မှုမြင့်တက်လာခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၃၁၃၂ ဦး ရှိလာသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၁၄၄၄၉၂၇ ဦးအထိရှိပြီး ယမန်နေ့ကအထိ အသက်ရှုအထောက်အကူပြုကိရိယာလိုအပ်သူဦးရေ ၁၉၀ ရှိသည်ဟု သိရသည်။
ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၁၀၃၄၈၃၀၄ ဦး ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို