နေပြည်တော်၊ စက်တင်ဘာ ၁၄

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ခေမာသီရိလမ်းတွင် သော်ဇင်ထက် မောင်းနှင်ပြီး ဝေဇင်ဖြိုး လိုက်ပါလာသည့် Jeep Liberty အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အမှတ်(၃)ရပ်ကွက်နေ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချ ခိုင်းသူ မောင်ကြည်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)