စက်တင်ဘာ ၁၅

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၂၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၅၁၆၄၇၉ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၆၃၈၉ ဦးရှိသည်ဟု သိရသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ထိုရောဂါနှင့်ဆက်စပ်ပြီး သေဆုံးသူ ၃၄ ဦး ရှိပြီး သေဆုံးသူပေါင်း ၅၂၈၂၅၀ ရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၉၄၁၈၄၀ ရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ နှစ်ဘီလံယံကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို