လယ်ဝေး စက်တင်ဘာ ၁၅
လယ်ဝေးမြို့ပေါ် ရပ်ကွက်များ၌ နေထိုင်ကြသည့် ပြည်သူများကို ယနေ့ညနေ ပိုင်းက စျေးနှုန်းသက်သာစွာဖြင့် ဆန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆန်များကို နေပြည်တော်ကောင်စီက ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး လယ်ဝေး မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည် နှုန်း၊ ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၃၉)ပြည်ကို စနစ်တကျ ရောင်းချပေးခဲ့ကြောင်းနှင့် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)