နေပြည်တော် စက်တင်ဘာ ၁၈

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ရတနာပုံတောရ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဥဿာသီရိ ပရိယတ္တိစာသင်တိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ အောင်ပါရမီ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ ကံသာကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋက စိန်ရွှေဖူး ကျောင်းတိုက်နှင့် ရတနာမာန်အောင် ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ မိုဃ်းကောင်း ပရိယတ္တိစာသင်တိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ကျွန်းကလေး ပရိယတ္တိ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့နယ်ရှိ ပဇ္ဇောတာရုံကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ဝိသုဒ္ဓါရုံဗာရာဏသီ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တောင်ပြင်ထီးလင်းကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ရေပန်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အသောကသီတဂူ ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ရွှေလရောင်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများသွားရောက် ဆရာတော်၊ သံဃာတော်များအတွက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်