လှည်းကူး စက်တင်ဘာ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၇ ရက်က အင်းစိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် လှည်းကူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ယာယီ ရဲမှူးအောင်မင်းနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသိင်္ဂီမြင့်တို့က လှည့်လည်ကြည့်ရှုအားပေးကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြစ်စေသော အစားအစာများ၊ ဆေးဝါးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)